Local News

အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း နှမ်းဖြူ၊ နှမ်းနီစျေးမြင့်တက်

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း နှမ်းဖြူ၊ နှမ်းနီစျေးမြင့်တက်

မကွေးတိုင်း‌ဒေသးကြီး၊ အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်းကာလတူ (၃.၈.၂၀၂၂)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အရည်အသွေးနှင့်ဝယ်လိုအားကြောင့် နှမ်းဖြူ၊နှမ်းနီများစျေးသိသိသာသာ မြင့်တက်ရှိကြောင်းသိရှိရပါသည်။ သြဂုတ်လဆန်း ပိုင်းမှစတင်၍ ဒေသအသီးသီးမှနှမ်းများ စတင်ထွက်ရှိလာပြီး စျေးနှုန်းများတက်လာသဖြင့် တောင်သူများအဆင်ပြေ လျှက်ရှိကြောင်း၊ နှမ်းဖြူ၄၅ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင်(၁၈၀၀ဝဝ)ကျပ်၊ ယခုတစ်ပတ်(၁၉၅၀ဝဝ) ကျပ်စျေး ဖြစ်သည့်အတွက် (၁၅၀ဝဝ)ကျပ်၊ နှမ်းနီ(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၁၈၀၀ဝဝ)ကျပ် ယနေ့(၁၉၅၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၅၀ဝဝ)ကျပ်တို့ အသီးသီးစျေးတက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News